Wednesday, September 4, 2013

" ပုံပြင်ဟောင်းလေးတွေ မှာ ..."


" ပုံပြင်ဟောင်းလေးတွေ မှာ ..."


အသက်တွေ ကြီးသွားရင်
စိတ်ခံစားမှုတွေလည်း အိုဟောင်းလာမှာပဲ ...
မင်းတို့ ငါ့ကို ထားခဲ့ကြ။

မျက်နှာလွှဲခဲပစ် စကားမျိုးတွေ
ငါနဲ့ အနေစိမ်းခဲ့တဲ့ ဇာတိချက်ကြွေ ..
ရှေးပဝေသဏီမှာ နေထိုင်သူတစ်ယောက် ဖြစ်လာဦးမယ်။

ဝယ်ယူခွင့် ရရင် အမြဲ အဆစ်တောင်းနေကျ
ဗီဇဆိုတာ မျိုးထဲရိုးထဲက လာတာမျိုး ..
မင်းတို့ရဲ့ချစ်ခြင်းနဲ့ ငါ့ရဲ့အိုဇာတာ ကောင်းပါရစေ။

မျက်စိရှေ့တင် နေ၀င်တာ ကြုံရဦးတော့မယ်
အသက်တွေ ကြီးသွားရင်။

ဖူးပွင့်နေမှာလား ၊ ရိုးတံကြဲကြဲနဲ့ရှိမလား
ရင်ထဲ စိုက်ပျိုးခဲ့သမျှတွေ။


ငယ်ငယ်ကနားထောင်ခဲ့ရတဲ့ သူရဲကောင်းပုံပြင်တွေ .. ပုံပြင်လေးတွေ ..
င့ါဘေးမှာ ထိုင်ပြောပေး(ကြ)ပါလား
ငါတကယ်ကျေးဇူးတင်သွားမှာပါ။

အိပ်မက်တွေ အဆုံးသတ်တဲ့ကာလမှာ
ဘ၀တစ်ခုလုံးကို ပုံပြင်တွေနဲ့ အစားထိုးတပ်ဆင်သွားချင်တာ
... င့ါဆန္ဒပါပဲ။ ။


(ယက္ခ) ရဲကြီး ။ 4:30 PM / 2.5.2007.
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage

No comments:

Post a Comment