Thursday, September 5, 2013

" အပျင်းပြေ _ ၃ "


" အပျင်းပြေ _ ၃ "
                       
 
                      ဒီအပျင်းပြေကတော့ အမျိုးသားသူငယ်ချင်းများ အတွက်သာရည်ရွယ်ပါတယ်။ မိန်းကလေးတွေ ကျော်သွားပါ။ ( ပြောထားပြီးပြီနော်... မနေနိုင်လို့ဆက်ဖတ်တာကိုယ့်အကြောင်းပဲ)
 
                     ဆေးပညာဘာသာရပ်တွေထဲက သားဖွားမီးယပ်ပညာမှာ ဗွီအီး ( VE = Vaginal Examination) ဆိုတာရှိတယ်ဗျ။ Vaginal= မိန်းမကိုယ်။ Examination= စမ်းသပ်စစ်ဆေးခြင်း ။ မိန်းမကိုယ်စမ်းသပ်စစ်ဆေးခြင်း ပေါ့ဗျာ။ ဘယ်လိုစမ်းတာလဲဆိုတော့ ငယ်ငယ်က ဒိုင်းညှောင့်ဆို သေနတ်ပစ်တဲ့ပုံလက်ကိုလုပ်သလိုမျိုးလုပ်ပြီး မိန်းမကိုယ်ထဲနှိုက်ရတာပါပဲ။ လက်ညှိုးနဲ့လက်ခလယ်ကို ထည့်လိုက်တာပေါ့ဗျာ။ .. အင်း .. ခင်ဗျား ဆရာဝန်မဟုတ်ရင်တော့ ဒီတော့ပစ်က စိတ်ဝင်စားစရာကောင်းပြီ။
 
                      စမ်းသပ်စစ်ဆေးတာပဲဗျာ။ မိန်းမကိုယ်အတွင်းနံရံရယ် ၊ သားအိမ်ခေါင်းဝရယ် ၊ သားအိမ်ခေါင်းပတ်လည် အခေါင်းရယ်ကို နှိုက်ပြီးစမ်းတာပါပဲ။ အ၀ကတော့ မျက်စိနဲ့ကြည့်ရင်တွေ့တယ်လေ။ အထဲကိုပါတွေ့ချင်ရင် Speculum ဆိုတဲ့ ဘဲနှုတ်သီးပုံ ကတော့လေးထည့်ပြီး ဘဲနှုတ်သီးကိုဖြဲကြည့်ရင် အတွင်းကအခြေအနေတွေကိုပါ မြင်နိုင်တယ်။ ဟုတ်တာပေါ့ .. မျက်နှာနဲ့ကပ်ကြည့်ရတာပေါ့။ မွေးလူနာဆိုရင် အဲဒါမျိုးစမ်းပြီး မွေးဖို့ဘယ်လောက်လိုမယ် ၊ လွယ်မယ် .. ခက်မယ် ၊ အန္တရာယ် ရှိတယ် .. မရှိဘူး ၊ ကလေးက ခေါင်းနဲ့ထွက်မှာလား ၊ ဖင်နဲ့ .. ခြေထောက်နဲ့ ထွက်မှာလား ပြောနိုင်တယ်။ သားလျှောတဲ့ အခြေအနေတွေ ၊ ကိုယ်ဝန်ပျက်တဲ့ အခြေအနေတွေ ၊ မုဒိမ်းမှုနဲ့ ဆက်စပ်တဲ့ကိစ္စတွေ အပါအ၀င် အပျိုတွေမှာလည်း လိုအပ်ရင် စမ်းရတယ်ဗျ။ ကျွန်တော်လား .. အမုန်းနှိုက်ခဲ့ရတာပေါ့။ အင်း .. မုန်းတော့လည်း မမုန်းသေးပါဘူး။ အာသဝေါမှ မကုန်သေးပဲကို။ ထားပါဗျာ .. ဘေးရောက်ကုန်ပြီ။
 
                      ကျွန်တော်တို့ဆိုတာကလည်း ၁၀ တန်းတုန်းက Bio မှာ သင်ရတဲ့ ယုန်မရဲ့မျိုးပွားအင်္ဂါကြည့်ပြီး လူမတွေမှာလည်း ဒါမျိုးနေမှာပဲ လို့ထင်ခဲ့ .. ၊ ဆေးကျောင်း ဒုတိယနှစ်ရောက်တော့ ဆေးစိမ်ထားတဲ့ အလောင်းကောင် အမကြီးဆို သူငယ်ချင်းမိန်းကလေးတွေ မရှိတော့မှ ရှုံ့တွနေတဲ့အသားကြည့်ပြီး ဒါမျိုးလားဟ ဆိုတာမျိုးကိုး။ ခန္စာဗေဒ စာအုပ်ကြီးတွေထဲမှာတော့ ပုံတွေပါတယ် ခင်ဗျ။ စကားမစပ် .. အဲဒီစာအုပ်ကြီးတွေက သိပ်ဈေးကြီးတယ်။ ခုခေတ်လို software တွေ ၊ PC တွေ ၊ tablet တွေကလည်း မတွင်ကျယ်သေးတော့ စာအုပ်ပဲဝယ်ရတာပေါ့။ မိဘတွေ သိပ်ကုန်တာပေါ့။ တချို့လည်း သူငယ်ချင်း သုံးလေးဦးစပ်ပြီး တစ်အုပ်ဝယ်ကြတယ်။ ကျွန်တော်တို့လည်း အဲဒီလိုပဲ။ အင်း .. စာအုပ်ဆိုတာ လှန်ပါများ ၊ ချိုးပါများတဲ့ စာမျက်နှာဆို လက်သင့်ပြီး အဲဒီနေရာကို ပွင့်လွယ်တယ် မဟုတ်လား။ ကျွန်တော်တို့စာအုပ်ကြီးဆို လက်သင့်လိုက်တာများ ကောက်လှန်လိုက်တာနဲ့ မ မျိုးပွားအင်္ဂါ စာမျက်နှာချည်း တန်းတန်းကျ တော့တာပဲ။ တခါတခါ စဉ်းစားမိတယ်။ သူငယ်ချင်းကောင်မလေးတွေစာအုပ်ဆိုရင်ရော ဖို မျိုးပွားအင်္ဂါ စာမျက်နှာများကျမလားလို့။ ( ပြောထားတယ်နော် .. နင်တို့ကို မဖတ်နဲ့လို့ )

                       အင်း .. ဗွီအီး အကြောင်းပြန်ဆက်ဦးမှ။ ပထမဆုံးနှိုက်ရတော့လား ၊ အမှန်ပြောရရင် ဗိုက်ကြီးသည် မွေးခါနီးတွေနဲ့ပဲ စရတာဆိုတော့ ဘယ်လိုမှမလဲဘူးဗျာ။ နံတာပဲသေချာသိတယ် ဆိုပါတော့။ နောက်တော့ .. အပျိုတွေ ၊ အလတ်တွေ စုံအောင်စမ်းရတော့တာပါပဲဗျာ။ အင်း .. ကျွန်တော်ပြောတော့ရော . ခင်ဗျား မစမ်းဘူးရင် သိမှာမဟုတ်ပါဘူး။

                       ဟုတ်တယ် .. မှတ်မှတ်ရရတွေ ရှိတာပေါ့ဗျာ။
 
                      တခါသားတော့ ဆရာမကလှမ်းခေါ်တယ်။ ဆရာရေ ၊ လူနာအသစ် ၊ BPV ( Bleeding per Vagina = မိန်းမကိုယ်မှ သွေးဆင်းခြင်း ) တဲ့။ ထလာပြီး .. စမ်းသပ်ခန်းထဲဝင် .. ကြည့်လိုက်တော့ လူနာအမျိုးသမီးလေးက ကျွန်တော်နဲ့ရွယ်တူလောက်။ ကျွန်တော်က ၂၂-၂၃ လောက် ၊ အလုပ်သင်ဆရာဝန်ပေါက်စပေါ့။ ဟုတ်တယ် .. ခင်ဗျားစဉ်းစားလိုက်သလိုပဲ။ ကောင်မလေးက တကယ့်ချောချောလေး။ ဟုတ်တယ် .. အသားကဖြူဖြူလေး။ ကရင်ဗမာ ကပြားလေး။ ကိုယ်လုံးကိုယ်ပေါက်က ခင်ဗျားကြိုက်တဲ့မော်ဒယ် တစ်ယောက်ယောက်စဉ်းစားကြည့်လိုက်။ ဟုတ်တယ် အဲဒီအတိုင်းပဲ။ ဆံပင်ကတော့ မစဉ်းစားနဲ့တော့ ၊ ခပ်ရှည်ရှည် ဖြောင့်ဖြောင့်လေး။ အင်္ကျီလက်ပြတ်ကလေးနဲ့ ၊ စကပ် .. ထဘီစကပ်ပေါ့ဗျာ .. ခပ်ကျပ်ကျပ်နဲ့။ ( အခုခေတ်လို အတိုတွေ မ၀တ်သေးဘူးဗျ ) ။ မျက်လုံးဝိုင်းကြီးတွေနဲ့ ကျွန်တော့်ကို ခပ်ပြူးပြူးလေး စူးစမ်းသလိုကြည့်လို့ပေါ့။ အင်း .. မျက်လုံးရွဲရွဲ ဆိုပါတော့ဗျာ။ ရွဲရွဲကြီးလား ရွဲရွဲလေးလားတော့ သေချာမသိတော့ဘူး ခင်ဗျ။ သူ့ကို ဟိုလိုစမ်းမယ့် သကောင့်သားက သူ့ပြန်ပြီး မျက်လုံးရွဲကြီးလုပ်နေဖို့ မတော်ဘူးမဟုတ်လား။ ခပ်သုတ်သုတ်လေး မျက်နှာလွှဲရတာပေါ့။ ဟုတ်ပါတယ် .. ခပ်သုတ်သုတ်လွှဲတာတောင် ဒီလောက်တော့ အာရုံထဲစွဲတယ် ခင်ဗျ။ ( စကားမစပ် .. အရေးအသား ကောင်းရဲ့မဟုတ်လား )
                       " တက် တက် ၊ ကုတင်ပေါ်တက် ၊ အောက်က ထဘီဖြုတ် ၊ ပြီးရင် အောက်စသိမ်း " .. ဆရာမက ခပ်မာမာဝင်ပြောတော့မှ မယ်မင်းကြီးမလေးလဲ မျက်လုံးရွဲကြီးချပြီး ခပ်သွက်သွက် ကုတင်ပေါ်တက်ရှာတယ်။ အင်း .. သူတို့ မိန်းမချင်းကျတော့ ဒါမျိုးတယ်သိကြသကိုးဗျ။ မြွေမြွေချင်း .. မရဘူး။ အ၀ှာဖြစ်လို့လဲ ဆေးရုံလာသေး ၊ ကျော့လို့ မော့လို့ ၊ တောင့်လို့ ဖြောင့်လို့ ၊ ပြီး .. ဆရာဝန် ကောင်ကလေးကို မျက်လုံးလေး ကလယ်ကလယ်တွေ ဘာတွေ လာလုပ်လို့ ၊ ဘယ်ခံလိမ့်မလဲ ခင်ဗျ။ ကျွန်တော်တို့ ဆရာမတွေပေပဲဟာ။
                       အင်း .. ကျန်တာတွေလည်း စမ်းရတာပေါ့။ ဗွီအီးကလည်း မစမ်းမဖြစ်ပေါ့။ ပေါင်ကားရတာပေါ့ ၊ မကားပဲစမ်းလို့မှ မဖြစ်ပဲဟာကို။ အင်း .. ကရင်ကပြားလေးပေါ့။ အင်း .. ခင်ဗျားထင်သလိုပေါ့။ ကျွန်တော်လား .. အင်း ခင်ဗျားထင်သလိုပဲဗျာ။ အလုပ်သင်ပေါက်စပါဆို .. ဆရာဝန်စိတ် မ၀င့်တ၀င်ပေါ့။
 
                      ရှိသေးတာပေါ့ဗျာ။ တစ်ညပိုင်းတော့ အိုဂျီဆောင်တစ်ခုလုံး ကျွန်တော်တစ်ယောက်တည်း ရှိသဗျ။ ဆရာမ နှစ်ယောက်နဲ့။ တာဝန်အတူကျတဲ့ သူငယ်ချင်းမိန်းကလေးနှစ်ယောက်က ဘယ်သွားတယ်မသိဘူး။ " ဆရာ .. ဆိုင်တိုတက် ထည့်ရမယ့် ပေးရှင့်ရှိတယ်" ဆိုပဲ။ ဒီလိုဗျာ။ ကလေးမဖြစ်တဖြစ် လနုနု သားပျက်ရောဆိုပါတော့ ၊ သားအိမ်ကို ခြစ်ပစ်ရတယ် ၊ ခြစ်ဖို့အတွက် သားအိမ်ခေါင်းပွင့်ဖို့လိုတယ် ၊ ဆိုင်တိုတက်ဆိုတာ သားအိမ်ခေါင်းပွင့်ဆေးပေါ့ဗျာ ၊ မိန်းမကိုယ်ထဲနှိုက်ပြီး သားအိမ်ခေါင်းရဲ့အနောက်ဘက် စအိုအပေါ်နား ချောင်လေးထဲကို အဲဒီဆေးပြားလေးထည့်ပေးရတယ်လို့ မှတ်ထားဗျာ။ အချိန်စောင့် ၊ မပွင့်သေးရင် ထပ်ထည့်ပေါ့ဗျာ။ အခုလူနာက အဲဒီလို မပွင့်သေးလို့ အချိန်စေ့တော့ ထပ်ထည့်ရမယ့်လူနာ။
                       ကျွန်တော်လူနာကို လှမ်းကြည့်လိုက်တော့ လူနာက စမ်းသပ်ကုတင်နားလေးရပ်လို့။ ဟုတ်ပဗျာ .. ခင်ဗျားထင်သလိုပဲ ၊ တကယ့်ကို ငယ်ငယ်ချောချောလေး။ ဒီတစ်ယောက်က ကျွန်တော့်ထက်ငယ်တယ်ဗျ။ ဆယ့်ရှစ် . ဆယ့်ကိုး လောက်ပဲရှိဦးမယ်။ ချောချောဖြောင့်ဖြောင့်လေး ၊ ဖွေးဖွေးလေး ၊ ဒီတစ်ခါတော့ ခင်ဗျားထင်ထားတာထက် နည်းနည်းပိုမိုက်သွားပြီဗျာ။ ဘယ်လောက်မိုက်သလဲဆိုရင် ပထမဖတ်ခဲ့တဲ့တစ်ယောက်ထက် ပိုမိုက်တယ်ဗျာ။ ကိုရီးယားမင်းသမီးလေးကျလို့။ ဂျင်းဘောင်းဘီ သရီးကွာတားအကျပ်ကလေးနဲ့ဗျာ။ အောက်နှုတ်ခမ်းကလေးကိုက်လို့ ကျွန်တော့်ကြည့်နေပါရဲ့။ ဒီတစ်ခါတော့ ကျွန်တော်လည်း နည်းနည်းကြာသွားပြီဗျာ။ ကြည့်တာ။ ခပ်ငေးငေးငိုင်ငိုင်ဖြစ်သွားတာကို ဆရာမနှစ်ယောက်က ချက်ချင်းရိပ်မိသဗျ။ ခိုးခိုးခစ်ခစ်ပြုပြီး ကျွန်တော့်ကို မကြားတကြားကလိသဗျ။ ဆရာ မထည့်ရဲဘူးလား . ဘာညာ စသည်ဖြင့်ပေါ့ဗျာ။ ခင်ဗျားကလဲ .. သိပ်အတိအကျ မသိချင်နဲ့တော့ဗျာ။
                       ဘယ်ရမလဲဗျာ .. ဒါမျိုးစမ်းလို့တော့ဖြင့်။ အခုတောင် ခင်ဗျားသူငယ်ချင်း ဖြစ်နေတာမဟုတ်လား။ ရာဇ၀င်ရိုင်းလို့ဗျာ။ နာမည်တောင် ယက္ခရဲကြီးလို့ ယူထားမဟုတ်လား။ ဆရာမနှစ်ယောက် ခပ်ဆတ်ဆတ်ကြည့်ပစ်လိုက်ပြီး လူနာဆီတန်းသွားတာပေါ့။

                      အင်း . ဂျင်းဘောင်းဘီအကျပ်ကလေး ချွတ်ရတာပေါ့။ ကျွန်တော့်ရှေ့တင်။ . . ဆက်ချွတ်ရတာပေါ့။ ကျွန်တော့်ရှေ့တင်။ မျက်နှာလွှဲထားရတာပေါ့။ ခဏ ခဏလွှဲရတယ်ဗျ။ ခဏ ခဏ ခေါင်းက ပြန်ပြန်လည်သွားလို့။ .. အင်း .. ဆောင်းတွင်းကြီးပါ ၊ မှတ်မိတယ်။ ချွေးကိုပြန်လို့ဗျို့။ ပြန်တာပေါ့ဗျာ .. ရင်ထဲ ဂဂျိုးဂဂျောင်နဲ့ဟာကို။ ဆရာမနှစ်ယောက်ကလည်း ကျွန်တော်ချွေးတော်တော်ပြန်နေသလား ကြည့်ရတာ အမော။

                      တော်ပြီဗျာ .. မောတောင်သွားပြီ။
( ကြည့်စမ်း .. မဖတ်ပါနဲ့ဆိုတာကို ဆုံးတဲ့အထိဖတ်တယ်ပေါ့ .. အခု ဗွီအီး စမ်းလိုက်လို့ )

just for smiles in boring !
(ယက္ခ) ရဲကြီး ။ ၂၆.၈.၁၃ ။
https://www.facebook.com/yekkha.yejee
 
 

No comments:

Post a Comment