Wednesday, September 18, 2013

" အပျင်းပြေ _ ၂ "

" အပျင်းပြေ _ ၂ "

             ဆရာဝန်မဟုတ်တဲ့ သူငယ်ချင်းတွေ ဖတ်ရအောင် အပျင်းပြေပါဗျာ။

            ပြီးခဲ့တဲ့ တစ်ရက်က သွေးသံရဲရဲမြင်ကွင်းတစ်ခု FB မှာကြည့်ရတယ်ဗျ။ နည်းနည်းကြာကြာကြည့်ဖြစ်တယ်ပေါ့ဗျာ . . . အဲဒီမှာ နှာခေါင်းထဲက အလိုလို သွေးညှီနံ့ကို ရလာတယ်ဗျ။ ဆရာဝန်ချင်းကတော့ ဒီလိုပြောရင်သိတယ်။ ကျွန်တော်တို့ရဲ့ အလုပ် (clinical) သဘာဝပေါ့ဗျာ။ သွေးတွေထဲမှာ နာရီတော်တော်ကြာကြာ မတ်တပ်ရပ်ပြီး လုပ်ရတာမျိုးကိုးဗျ။ သတိထားကြည့်ရင် ကိုယ်နဲ့ခပ်လှမ်းလှမ်းမှာ သွေးထွက်သံယိုမှု တစ်ခုခုရှိတာကိုတောင် မကြည့်ပဲ သိတယ်ဆို .. တကယ်ဗျ။

             ကျွန်တော် ခွဲခန်းမ၀င်ဖြစ်တာ တော်တော်ကြာခဲ့ပြီ ပေါ့ဗျာ။ အလုပ်သဘာဝ အပြောင်းအလဲနဲ့ပေါ့။ အဲတော့ .. အဲဒီနေ့က သွေးထွက်သံယိုမြင်ကွင်းကနေ ရလာတဲ့ sense (အာရုံခံအသိ) က ဟိုတွေး ဒီတွေးဖြစ်စေတယ်ဗျ။ လွန်ခဲ့တဲ့ ၅ နှစ် မြစ်ဝကျွန်းပေါ်ဆေးရုံတစ်ခုမှာ ခွဲခန်းထဲ ကျွန်တော်ရယ် ၊ သူနာပြုဆရာမရယ် ၊ အလုပ်သမားရယ် ည ၁ ချက်ထိုး ကလေးဗိုက်ခွဲမွေးခဲ့ရတာမျိုးတွေ သတိရတယ်။ ကိုယ်တိုင် မေ့ဆေးပေး ၊ ကိုယ်တိုင် ဗိုက်ခွဲ ၊ ကိုယ်တိုင် ကလေးထုတ်ပေါ့ဗျာ ... ခွဲနေရင်း မီးပြတ်သွားလို့ ဖယောင်းတိုင်လေး ၂ တိုင် ၃ တိုင်နဲ့ ဆက်ခွဲခဲ့ရတာမျိုးကိုး။

            ကလေးမွေးတဲ့ မိန်းမအနံ့ကလည်း တစ်မျိုးဗျ။ ညှီစို့စို့နဲ့။ ကလေးမွေးမယ်ဆိုတာနဲ့ ရှုရတော့တာပဲ။ ပြီး .. သွေးထွက်လာပြီဆို သွေးညှီနံ့ ပါလာတာပေါ့။ ကလေးထွက် ၊ သုတ်သင်ပြီးသွားရင် သွေးညှီနံ့ သက်သက်ပဲ ကျန်ခဲ့တတ်တယ်။

            ကလေးမထွက်ခင် "ချီး" ( ကျွန်တော်စကားလုံး ရွေးသုံးလိုက်ပါတယ် ၊ စိတ်မရှိကြပါနဲ့ ) ကအရင်ထွက်တာ ခင်ဗျ။ ၀မ်းသွားထားတဲ့ ကိုယ်ဝန်ဆောင်ဆိုရင် ကံကောင်းတာပါပဲ။ တကယ်ပြောတာ . . . မွေးစင်ရှေ့ရပ်ပြီးရင် ပထမဆုံး ဆီးချူပေးပြီးတာနဲ့ ချီးကုန်းပေးရတာပဲ။ "ပတစ် ပတစ်" နဲ့နေအောင်ကို မပြီးနိုင် မစီးနိုင်ထွက်သဗျ။ ကလေးကမထွက်နိုင်လေ ချီးကထွက်လေပဲ။ ချီးကုန်သွားရင် ၀မ်းသာရတာပေါ့။ အဲဒီအချိန်တွေမှာ စောစောကပြောတဲ့ ရေမွှာနံ့ခေါ်မလား ညှီစို့စို့အနံ့နဲ့ ချီးနံ့ အားပြိုင်ပွဲကြီးပဲ ခင်ဗျ။

            ပြောနေရင်း အခုဖတ်နေတဲ့ ခင်ဗျားတို့ကို ကြုံစေချင်လိုက်တာဗျာ . . တကယ်။ တချို့ အင်ဒီးယန်းအမျိုးသမီးများဆို အတော်နံတာဗျ။ လူမျိုးရေး မဟုတ်ဘူးနော် .. ဒီလိုပဲ ကျွန်တော်ကြုံတာကို ဒီအတိုင်းပြောပြတာ။ အသားကလည်းမည်း အနံ့ကလည်းပြင်း .. ရေလည်း မချိုးထားဘူးလေ။ ဂွမ်းလုံးလေးတွေနဲ့ တစ်လုံးပြီး တစ်လုံး အီအီးကျုံးရင်း စောင့်ရတာပေါ့ ခင်ဗျာ။

            နောက်ပြီး အင်ဒီးယန်းတွေက pain threshold (နာကျင်မှုခံနိုင်စွမ်း) နိမ့်ပါးကြတယ်ဗျ။ အင်း .. ဒါ ကျွန်တော်တစ်ယောက်တည်း ပြောတာမဟုတ်ဘူး။ ဆရာဝန်တော်တော်များများပြောကြတာပဲ။ သဘောကတော့ ပိုနာတတ်တယ်ပေါ့ဗျာ။ အမေလေး ၊ အဘလေး မပြီးတော့ဘူး ခင်ဗျ။ အိုဂျီဆောင်တွေမှာ အင်ဒီးယန်း မွေးလူနာရှိပြီဆိုရင် ပြောစရာကို မလိုဘူး ... အော်သံနဲ့တင် သိတာပဲ။ မွေးပြီးလို့ ပြန်ချုပ်ရင်လည်း အသားကမဲတော့ တော်တော်မမြင်ရဘူးဗျ။ မျက်နှာနဲ့ ထိလုမတတ် အပ်ပြီးချုပ်ရတာပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်ထင်တယ် ... သူတို့ ဒါကို သိပုံရတယ် ... များသောအားဖြင့် အင်ဒီးယန်းတွေဟာ ယဉ်ကျေးကြတယ် ... ကျေးဇူးကောင်းကောင်းတင်တတ်တယ် ... အမြဲလို လက်အုပ်လေးချီပြီး တောင်းပန်ကြတယ်ဗျ။
        
             ကျွန်တော် စဉ်းစားမိတယ်။ မွေးမိခင်ရဲ့ကျေးဇူး ဆိုရင် သူတို့မှာ သူများထက် ပိုနာကြလို့ ပိုပြီးများကျေးဇူးကြီးသွားမလားလို့။ တချို့ကရင်တွေဆို နာကျင်မှုခံနိုင်စွမ်းမြင့်ကြတယ်။ ကျွန်တော်တို့ အတွက်တော့ လူနာတစ်ဦးစီပါပဲဗျာ။ အင်း ... သွေးညှီနံ့ကတော့ ဘာလူမျိုးဖြစ်ဖြစ် အတူတူပဲဗျ။
     
            တော်သေးပြီဗျာ . . . ဒီလိုပဲ အပျင်းပြေ ဟိုရောက်ဒီရောက်ပေါ့။ သူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ။


(ယက္ခ)ရဲကြီး ။ ၂၅ . ၈ . ၁၃ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage

No comments:

Post a Comment