Tuesday, January 14, 2014

" မောင်ညိုနဲ့ ဖားပြုပ်ကြီး "

" မောင်ညိုနဲ့ ဖားပြုပ်ကြီး "

ဂုံဂွမ် ဂုံဂွမ် ဖားပြုပ်ကြီး
လယ်နီး ယာနီး အော်သံဆူ
လူရယ် သူရယ် သူမကြောက်
နေတော့ ကျောက်ဖျာအောက်။

နွားကျောင်းသားလေး မောင်ငညို
သူ့နွားပျောက်လို့ အော်အော်ငို
အဖေဆိုလို့ မျက်ရည်ကျ
အိမ်ကထွက်လို့ မှိုင်တွေချ
လယ်ကန်သင်းယာဝ။

လယ်ကြိုယာကြား သူလျှောက်သွား
ဖားပြုပ်ကြီးက သနားလာ
အနားလာလို့ သူချော့မော့
'မောင်ညို စိတ်ကိုလျှော့' ။

မောင်ညိုပျောက်တဲ့ နွားတစ်ရှဉ်း
ဖားပြုပ်ကြီးနဲ့ သူငယ်ချင်း
အော်ရင်းခေါ်ရင်း နွားကူရှာ
ယာတောစပ်မှာ ပြန်ရှာတွေ့
မောင်ညို သဘောခွေ့။

အလည်လွန်တဲ့ နွားတွေနော်
အဖေ ကြိမ်နဲ့ဆော်
ဘူး ဘဲ အော်ပြီး ထွက်ကာပြေး
ဖားပြုပ်ကြီးနဲ့ မောင်ညိုငေး
လက်ခုပ်လက်ဝါး တီးတယ်လေး
ဝေး လေ လေး ဝေး လေ လေး ။ ။

ကိုရဲ(ဆေး_၂) / (ယက္ခ)ရဲကြီး ။ ၁၀.၁.၀၈ ။
ပန်တော်ဝင် ကလေးမဂ္ဂဇင်း ၊ ၂၀၀၈ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/
 

No comments:

Post a Comment