Tuesday, January 14, 2014

" ဟေ့ကောင် "

" ဟေ့ကောင် "

မင်းဟာ ငါ ပါပဲ ဟေ့ကောင်
သိပ် သတ္တိ ကောင်းခဲ့တဲ့ ကောင် တွေ
တောင်တွေကို ပြိုအောင် ဖြိုခဲ့ကြ တယ် မဟုတ်လား
ငါတို့ အသည်းတွေ နု သလောက် . . ငါတို့ ခေါင်းတွေ မာ
ငါတို့ ကျောရိုးမ တွေ မာ ခဲ့ကြ
ငါ ဟာ မင်း ပဲ ဟေ့ကောင်
ရှေ့ဆက်ပြီး မှောင်နေမယ်ဆိုလည်း . ငါတို့ တိုး ဦး မှာ ပဲ
ငါတို့ဟာ ငါတို့ကိုယ်တိုင်ရဲ့ ဓူဝံကြယ်
ငါတို့ကို ၀ယ်ယူဖို့ မကြိုးစား ကြပါနဲ့
ငါတို့ရဲ့ ဂျက်လန်ဒန် ဟေ့ယောင်
ငါတို့ရဲ့ မြမန်းဂီရိ ၊ ငါတို့ရဲ့ ဘွန်ဂျိုဗီ ဟေ့ယောင်
ငါတို့ရဲ့ သုံးထပ်ကောင် ၊ ငါတို့ရဲ့ လမ်းမတော်
ငါတို့ရဲ့ စတီဖင်ဟော့ကင်း နဲ့ ငါတို့ရဲ့ ဂီတနက်သန် ဟေ့ယောင်
ဟေ့ကောင် ဟာ ငါ ပဲ ၊ ဟေ့ကောင် ဟာ မင်း ပဲ
ငါတို့ လက်သီးတွေ မပြေသေး သမျှ . . ငါတို့ ဒူးတွေ မခွေသေး သမျှ
ငါတို့ ဟာ ငါတို့ ပါပဲ ဟေ့ကောင် ။

ဟေ့ကောင် တွေက ငါတို့ကို အားဖြည့်ခဲ့ကြ
ငါတို့ တွေက ဟေ့ကောင် ကို ဆွဲထူကြ
ဘ၀ ဆိုတာ ဒီမှာပြည့်စုံခဲ့တာပဲ ဟေ့ကောင်
ငါတို့ရဲ့ စိတ်ဓါတ်ခွန်အားဟာ ဟေ့ကောင်
ငါတို့ရဲ့ အိပ်မက်တွေလည်း ဟေ့ကောင်
မင်း ရော .. ငါ ရော ပါ .. ဟေ့ကောင်

မှောင်လာရင်လည်း ဒီ လက်တွေကို ဖြန့်မပစ်နဲ့ဦး ဟေ့ကောင်
မင်း ထောက်မယ့် ဒူးမှာ ငါ့ ၀ိဥာဏ်ကို တဆုံး ထည့်ထားပေးလိုက်ပါ
ငါ့ အံသွားထဲမှာ မင်း ယုံကြည်ချက် တစ်စုံတစ်ရာ
ငါတို့ရဲ့ ည တွေမှာ ငါတို့ကိုယ်ကို ရှို့လို့ ဆက်လင်းကြမယ် ဟေ့ကောင်
နံပါတ် ၆ ကြိုးပြတ်လည်း ငါတို့လျှာတွေ ဆက်ကိုက်ထားဦးမှာပဲ ဟေ့ကောင်
ကြိုက်သလောက်သာ မှောင်ထားလိုက်တော့
ဆက် ဆော့ သွားမယ့် လမ်းမှာ
မင်း ရယ် ငါ ရယ် ဟေ့ကောင် ရယ် .. ပြီးတော့ ငါတို့ ရယ် . . . ။ ။

(ယက္ခ) ရဲကြီး။ ၂.၁၁.၁၃ ။
https://www.facebook.com/yekkha.yejee
https://www.facebook.com/yekkha.yegyii.fanpage
http://yekkhayejee.blogspot.com/

No comments:

Post a Comment