" ၀ လုံး ရေးဖို့ ညီလေးထိုင် "
မိုး မြေ လေ ဘယ်မဆုံး
ဝ လုံး တွေ ရေးကြမယ်။
တိုင်းပြည်က ငယ်ငယ်
လေသံက ကြီးကြီး ...
အေဘီစီဒီအီးတွေ မရွတ်ကြေး။
ဈေးသည်နဲ့ ဈေးဝယ်ပေမယ့်
'နယ်' ဆိုတဲ့ အရှိတရားထဲမှာ
'ဗမာ' ကို ဘယ်လိုပေါင်းကြောင်း
ကောင်းကောင်းတော့ သိစေချင်တယ်။
ဝိုင်းစက်လည် အက္ခရာမျိုးဟာ
ကမ္ဘာမှာ ဒါပဲရှိတယ်။
ဆင်ကွဲလို့ အသံမတူတောင် ...
ညီနောင်ချင်း စည်းဖို့သွေး
ညီလေးကို ၀ လုံး ရေးတတ်ပါစေ။
ဒို့ ဘိုးဘေး ဂုဏ်ရှိန်
မှိန်မညှိုး မိုးမချုပ်ခင်
ပင်ကိုယ် ရင်တွင်းသွေးနဲ့
ဝ လုံး ရေးဖို့ ညီလေးထိုင်။ ။
(ယက္ခ) ရဲကြီး ။ ၂၅၊ အောက်တိုဘာ၊ ၂၀၁၂။
မိုး မြေ လေ ဘယ်မဆုံး
ဝ လုံး တွေ ရေးကြမယ်။
တိုင်းပြည်က ငယ်ငယ်
လေသံက ကြီးကြီး ...
အေဘီစီဒီအီးတွေ မရွတ်ကြေး။
ဈေးသည်နဲ့ ဈေးဝယ်ပေမယ့်
'နယ်' ဆိုတဲ့ အရှိတရားထဲမှာ
'ဗမာ' ကို ဘယ်လိုပေါင်းကြောင်း
ကောင်းကောင်းတော့ သိစေချင်တယ်။
ဝိုင်းစက်လည် အက္ခရာမျိုးဟာ
ကမ္ဘာမှာ ဒါပဲရှိတယ်။
ဆင်ကွဲလို့ အသံမတူတောင် ...
ညီနောင်ချင်း စည်းဖို့သွေး
ညီလေးကို ၀ လုံး ရေးတတ်ပါစေ။
ဒို့ ဘိုးဘေး ဂုဏ်ရှိန်
မှိန်မညှိုး မိုးမချုပ်ခင်
ပင်ကိုယ် ရင်တွင်းသွေးနဲ့
ဝ လုံး ရေးဖို့ ညီလေးထိုင်။ ။
(ယက္ခ) ရဲကြီး ။ ၂၅၊ အောက်တိုဘာ၊ ၂၀၁၂။
No comments:
Post a Comment