Friday, September 6, 2013

" ငါတို့နှစ်ယောက်ရဲ့အဟောင်းဆိုင် "

" ငါတို့နှစ်ယောက်ရဲ့အဟောင်းဆိုင် "

 
အသက်တွေ ရလာတဲ့အခါ ကျရင်
အဲဒီ မြေနီလမ်းလေးက မင်းရင်ခွင်ထဲ ရဲရင့်ဦးမှာလား . . . .

တိမ်တစ်မျှင် နေတစ်စ နဲ့ ယှက်ဖွဲ့ခဲ့သော အနမ်းသည်သာ ကဗျာပါကွယ်။

မင်းအပြုံးတွေ တရေးနိုးတိုင်းမှာ .. မနက်ခင်းတွေ နှင်းနဲ့ လင်းတယ် ၊
ရွှေအိုရောင် ၀တ်မှုံတွေထဲ အိပ်တန်းဝင်ကြိုးကြာတွေ လင်းတယ် ၊
ငါ့ရင်မှာ အရင်တုန်းက သုံးနှစ်စာ အလွမ်းတွေနဲ့ လင်းတယ် ။

အတောင်ပံမပေါက်နိုင်စွမ်းခဲ့ပေမယ့်
လူလားမြောက်ပြီးတဲ့ သံယောဇဉ်တွေ ... အရင်က လေထဲမှာ ရှိခဲ့ရင် . . . .
တစ်ချိန်က တို့ ၀င်သက်ထွက်သက်တွေ အေးစက်သွားမလား . . . .

ရှိပါစေတော့ ... ။

အဲဒီမြို့ဟောင်းမှာ ... တစ်နှစ်တစ်ခါ နှင်းတွေ ဝေတယ်လို့ ပြောကြရင်
သမားရိုးကျကျ ပျော်ဝင်စီးဆင်းခဲ့တဲ့ နာရီအဟောင်းများစွာ .. ပေကျံခဲ့ပြီးကြောင်း
. . . ဆင်ခြင်ပါကွယ် . . . ။

ငါတို့ အတူ မ၀ယ်နိုင်ခဲ့ကြတဲ့ အဲဒီပုံပြင်များထဲ ..
အရွယ်တွေ ညောင်းသွားရင်းက
ဘ၀ထဲမှာ ခေါင်းလောင်း တစ်ခါတစ်ခါ ထိုးတိုင်း ...
ဒီ ဆောင်းတေးသွားတွေ .. နှင်းနဲ့ စို
ပျိုမျစ် ချိုမြ ဆဲပေါ့ ... ။



(ယက္ခ)ရဲကြီး ။ 00:30 AM , Sep; 16 , 2004 ။

No comments:

Post a Comment