Tuesday, January 14, 2014

" လွမ်းတေး နဒီ "

" လွမ်းတေး နဒီ "


ဥသြသံသာ
နွေကန္တာ သာမောဖွယ်ပ
ယာတောလယ်ခင်း။

တိမ်စင်စ ၀ဠာပြင်နဲ့
မရွှင်ဖွယ် လွမ်းနဒီရယ်
တမ်း သီ ဖွဲ့ ရင်း။

ဧရာက ရွှေဝါလူးလို့
ဗေဒါဖူး ရွက်ဆင်တယ်
ဖော်အင်မဲ့သူ ကူဆွေး။

ရိုးပြတ်ကွင်း ကျယ်ကျယ်မှာ
လေသယ်ရာ တိမ်တစ်စနှယ်သို့
ကိုယ်ဘယ်ဆီ မျှော်ရည်မှန်းရမယ်
လွမ်းဓလေ့ တေး။ ။


(ယက္ခ) ရဲကြီး / ကိုရဲ (ဆေး_၂)
1999-2000
(from romantic poems collection vol -3)
 

No comments:

Post a Comment